Skip to main content

Featured

  Video Edit Software for mobile လူတိုင်းလက်ထဲမှာ ဖုန်းတစ်လုံးစီ ရှိနေတဲ့ခေတ်ကြီးမှာတော့ တစ်နေ့တာအမှတ်တရတွေ၊ ပွဲလမ်းသဘင်တွေ၊ မမေ့နိုင်တဲ့အမှတ်တရတွေကို ဓာတ်ပုံတွေရိုက်ပြီး သိမ်းလေ့ရှိ ကြသလို Video Clip တွေလုပ်ပြီးတော့လည်း သိမ်းဆည်းကြလေ့ ရှိကြပါတယ်။ ကိုယ့်ဓာတ်ပုံလေးတွေကို Video Clip လေးတစ်ခုလုပ်မယ်၊ Blogger တစ်ယောက်လို Video တွေရိုက်ပြီး Social Media တွေမှာတင်မယ်၊ နောက်ခံသီချင်းတွေလည်း ထည့်မယ်၊ Videography စိတ်ဝင်စားတဲ့သူတွေလည်း တစ်ပိုင်တစ်နိုင်လေး ဖုန်းတစ်လုံးနဲ့ လေ့လာမယ်၊ သူငယ်ချင်းတွေနဲ့ Cover Song တွေတူတူဆိုရင်း Recording ဖမ်းမယ် Editing တွေပြန်လုပ်ချင်တဲ့ သူတွေအတွက်ကတော့ မသိမဖြစ် သိထားသင့်တဲ့ Application တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ (၁) FilmoraGo FilmoraGo ကလူသုံးများတဲ့ Video Editor Application တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ Trimming, Cutting, Adding Themes, Music စတဲ့ Function တွေကြောင့်အားလုံးက စိတ်ဝင်တစ်စား သုံးစွဲကြတာ ဖြစ်ပါတယ်။ ဒါတွေအပြင် Instagram အတွက် 1:1 Video Size တွေ Youtube အတွက် 16:9 အချိုးအစားတွေနဲ့ Reverse Video, Add Transitions, Slow Motion, Text စတဲ့ Effect တွေနဲ့လည်း ကိ

 What about WiFi-6



Wifi 6 နဲ့ Wireless standard များ

Wifi 6 ဆိုတာအားလုံးလည်းသိပြီးကြပြီဖြစ်တဲ့အခုနောက်ပိုင်းစမတ်ဖုန်းတွေ tablet တွေကွန်ပျူတာတွေနဲ့နည်းပညာ Gadget တွေမှာတွေ့မြင်လာရတဲ့နည်းပညာသစ်တစ်ခုပါ။
Wireless standard IEEE 802.11ax (I triple E လို့ဖတ်ပါတယ်) ဖြစ်ပြီး Common name ကတော့ Wifi 6 ဖြစ်ပါတယ်။
နှစ်အတိုင်းအတာတစ်ခုရောက်တာပြီးနည်းပညာသစ်တွေပေါ်ထွန်းလာတာနဲ့အမျှနည်းပညာအသစ်နဲ့ပတ်သတ်တဲ့Standard  တွေကလည်းအလိုအလျှောက်ထွက်ပေါ်လာပါတယ်။ 
Wifi နဲ့ပတ်သတ်တဲ့ နောက်ဆုံးနည်းပညာ Standard ကတော့ Wifi 6 ဖြစ်ပါတယ်။
အရင် Wireless standard တွေလိုပဲ Wifi 6 ရဲ့ရည်ရွယ်ချက်ကတော့ Wifi ကိုပိုမြန်ပြီးစိတ်ချရဖို့ဖြစ်ပါတယ်။
ဒါပေမဲ့ Wifi ကိုထုတ်လွှတ်တဲ့ Access Point ဆိုတာရှိပါသေးတယ်။ 
AP တွေကမပြောင်းလဲပေမဲ့ အရင် Standard တွေထက်ပိုပြီးတိုးတက်လာတဲ့ အချက်တွေ Wifi 6 မှာပါဝင်လာပါတယ်။

1. ပိုမြန်လာတဲ့ Speed

2. အတားအဆီးတွေကြားမှာပိုမိုစိတ်ချရဲ့ connection

3. ပိုမိုအသုံးခံလာမဲ့ Battery life

4. ပိုမိုစိတ်ချရတဲ့ security

Wifi version များ
Wireless standard တွေနဲ့ရင်းနှီးပြီးသားဆိုရင် 802.11 နဲ့စတဲ့စကားလုံးတွေကိုမြင်ဖူးမှာပါ။
Wifi 6 ကိုတော့ 802.11ax လို့သတ်မှတ်ထားပြီးအရင် Standard တွေကတော့

Wifi 6 (802.11ax) 2019 ခုနှစ်မှာစတင်ကြေငြာခဲ့

Wifi 5 (802.11ac) 2014 ခုနှစ်မှာစတင်ကြေငြာခဲ့

Wifi 4 (802.11n) 2009 ခုနှစ်မှာစတင်ကြေငြာခဲ့

Wifi 6 ရဲ့ Feature များ

Wifi 6 က အရင် Wifi 5 ထက် သုံးဆနီးပါးပိုမြန်လာပါတယ်။
latency ကလည်း ၇၅ ရာခိုင်နှုန်းပိုမိုနည်းပါသွားပါပြီ။အမြင့်ဆုံး‌ရောက်ရှိနိုင်တဲ့ transfer အမြန်နှုန်းကတော့ 10Gps ရှိပြီး wifi 5 ကတော့ 3.5 Gbps ပဲရှိပါတယ်။
App တွေနဲ့ Files တွေကို ပိုမိုမြန်ဆန်စွာဒေါင်းလုပ်ဆွဲနိုင်ပြီး ရုပ်ရှင်တွေ Streaming  ကြည့်ရင်လည်းအထစ်အငေ့ါတွေသိပ်ရှိမှာမဟုတ်ပါဘူး။
Wifi 6 Network တစ်ခုတည်းမှာ Devices များများပိုမိုချိတ်ဆက်နိုင်ပြီးလိုင်းဆွဲအားလည်းပိုငြိမ်ပါတယ်။
ဒါပေမဲ့တစ်ခုရှိတာက သီအိုရီအရ download speed က 10 Gps ရှိတဲ့ဆိုပေမဲ့အခုချက်ချင်း Wifi 6 ကို Support လုပ်တဲ့ Router ကိုသွားဝယ်ပြီး ISP ကပေးထားတဲ့ Router နေရမှာအစားထိုးလိုက်တာနဲ့ချက်ချင်းအဲ့လို Speed မျိုးရမယ်ဆိုတဲ့ အဓိပ္ပါယ်တော့မဟုတ်ပါဘူး။ကိုယ့် ISP ကယူထားတဲ့ Speed ပေါ်မှာလည်းမူတည်ပါသေးတယ်။ 
ဥပမာ ကိုယ်က 2Gps ပဲယူထားတယ်ဆိုရင်တော့ Wifi 6 router တပ်ထားလည်း 2Gps ပဲရမှာပါ။

##From##
https://akhayartech.com/wifi-6/?fbclid=IwAR1UhaPBhpFagP5MIJvl-NbtM-n95DMNI_VpGQaocQ4aWjXj705RG4GX0tw


Comments

Popular Posts