Featured

 Video Edit Software for mobile


လူတိုင်းလက်ထဲမှာ ဖုန်းတစ်လုံးစီ ရှိနေတဲ့ခေတ်ကြီးမှာတော့ တစ်နေ့တာအမှတ်တရတွေ၊ ပွဲလမ်းသဘင်တွေ၊ မမေ့နိုင်တဲ့အမှတ်တရတွေကို ဓာတ်ပုံတွေရိုက်ပြီး သိမ်းလေ့ရှိ ကြသလို Video Clip တွေလုပ်ပြီးတော့လည်း သိမ်းဆည်းကြလေ့ ရှိကြပါတယ်။
ကိုယ့်ဓာတ်ပုံလေးတွေကို Video Clip လေးတစ်ခုလုပ်မယ်၊ Blogger တစ်ယောက်လို Video တွေရိုက်ပြီး Social Media တွေမှာတင်မယ်၊ နောက်ခံသီချင်းတွေလည်း ထည့်မယ်၊ Videography စိတ်ဝင်စားတဲ့သူတွေလည်း တစ်ပိုင်တစ်နိုင်လေး ဖုန်းတစ်လုံးနဲ့ လေ့လာမယ်၊ သူငယ်ချင်းတွေနဲ့ Cover Song တွေတူတူဆိုရင်း Recording ဖမ်းမယ် Editing တွေပြန်လုပ်ချင်တဲ့ သူတွေအတွက်ကတော့ မသိမဖြစ် သိထားသင့်တဲ့ Application တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
(၁) FilmoraGo
FilmoraGo ကလူသုံးများတဲ့ Video Editor Application တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ Trimming, Cutting, Adding Themes, Music စတဲ့ Function တွေကြောင့်အားလုံးက စိတ်ဝင်တစ်စား သုံးစွဲကြတာ ဖြစ်ပါတယ်။ ဒါတွေအပြင် Instagram အတွက် 1:1 Video Size တွေ Youtube အတွက် 16:9 အချိုးအစားတွေနဲ့ Reverse Video, Add Transitions, Slow Motion, Text စတဲ့ Effect တွေနဲ့လည်း ကိုယ့် Video ကိုလှပအောင်လုပ်နိုင်ပါသေးတယ်။
Download လုပ်ရန် – https://bit.ly/2SdK4vj
(၂) Adobe Premiere Rush – Video Editor
ကွန်ပြူတာ Software ကုမ္ပဏီဖြစ်တဲ့ Adobe ရဲ့ဖုန်း Application တစ်ခုဖြစ်ပါတယ်။ Cutting, Trimming, Adding Transitions, Music, Filter, Effects စတဲ့ Function တွေလဲ ပါဝင်ပြီး သုံးရလွယ်ကူတဲ့ Application တစ်ခုပဲ ဖြစ်ပါတယ်။ Video တစ်ခုကို Edit လုပ်ဖို့လိုအပ်ချက်တွေအားလုံး ပြည့်စုံနေတဲ့ Application တစ်ခုဆိုရင်လဲ မမှားပါဘူး။
Download လုပ်ရန် – http://bit.ly/2RUkMmM
(၃) Power Director Video Editor
Power Director ကတော့ Function တွေစုံစုံလင်လင်နဲ့ အသုံးပြုရလွယ်ကူရိုးရှင်းတဲ့ Editor Application တစ်ခုပဲ ဖြစ်ပါတယ်။ ကွန်ပြူတာ Software တစ်ခုလို စုံစုံလင်လင်အသုံးပြုနိုင်တာကြောင့် သုံးရတာအသားကျသွားတာနဲ့ Professional တစ်ယောက်လို ဖြစ်လာစေမှာပါ။ Effect တွေ Transition Effect အမျိုးပေါင်း ၃၀ ကျော်ကိုအသုံးပြုနိုင်မယ့်အပြင် အကောင်းဆုံးဖန်တီးမှုတွေလုပ်နိုင်မယ့် Green Screen Effect ကိုပါအသုံးချနိုင်မှာ ဖြစ်ပါတယ်။
Download လုပ်ရန် – http://bit.ly/2vOd05w
(၄) KineMaster
ဖုန်းတွေအတွက်သင့်တော်ပြီး အသုံးပြုရအဆင်ပြေတဲ့ Video Editor ကတော့ KineMaster ပဲဖြစ်ပါတယ်။ Video ဖိုင်ပေါင်းများစွာကို ထည့်သွင်းနိုင်ဖို့အတွက် Drag-n-Drop Technique ကိုအသုံးပြုထားပါတယ်။ Application မှာတော့ Professional ကျကျဖန်တီးနိုင်ဖို့ အဆင့်ပေါင်းများစွာကို အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ အမျိုးမျိုးသော Transition တွေကို Video တစ်ခုနဲ့တစ်ခုကြား ထည့်သွင်းနိုင်ပြီး Text တွေ Subtitle တွေကိုလည်း ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်ခြားလုပ်ဆောင်ချက်တွေဖြစ်တဲ့ Overlays, Stickers, Handwriting တွေနဲ့ Video တွေ Audio တွေကို Layer တွေခွဲပြီး ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
Download လုပ်ရန် – http://bit.ly/2ugHBYX
(၅) VideoShow
Video Show ဟာဆိုရင် ဆုတွေပါရရှိထားပြီး အကောင်းဆုံး Video Editing Application တွေထဲက တစ်ခုဖြစ်ပါတယ်။ သုံးစွဲသူတွေအသုံးပြုရလွယ်ကူအောင် ပြုလုပ်ပေးထားပြီး လုပ်ဆောင်ချက်တွေလဲ စုံစုံလင်လင်ပါရှိပါသေးတယ်။ ကိုယ်ပြင်ဆင်နေတဲ့ Video ကို ပိုပြည့်စုံသွားအောင် Text, Effects, Music နဲ့တစ်ခြား Effect တွေကို ထည့်သွင်းပြင်ဆင်နိုင်ပါသေးတယ်။ Theme ပေါင်း ၅၀ ကျော်အသုံးပြုနိုင်ပြီး Video ရဲ့ Quality ကျမသွားစေဘဲ အရွယ်အစားကိုလည်း ချုံ့လို့ရပါတယ်။
Download လုပ်ရန် – http://bit.ly/2ugHBYX
မူရင်းရေးသားသူမှတစ်ဆင့်ပြန်လည်မျှဝေပေးခြင်းဖြစ်သည်။
မူရင်းလင့်ခ် 👇👇👇
https://mm.myanmartechpress.com/video-editing-application/

Comments

Popular Posts